{:my}GrabRewards အစီအစဉ်အသစ်များဖြင့် ပွိုင့်များ အလွယ်တကူ စုဆောင်းနိုင်ပြီး ပျော်ရွှင်ဖွယ်ရာ ကစားပွဲများနှင့် ပိုမို များပြားသည့် အကျိုးခံစားခွင့်များ || Bubble tea | Boba Tea in Cypress TX, Bubble Tea in Cypress TX – Tea Bear Teahouse

{:my}GrabRewards အစီအစဉ်အသစ်များဖြင့် ပွိုင့်များ အလွယ်တကူ စုဆောင်းနိုင်ပြီး ပျော်ရွှင်ဖွယ်ရာ ကစားပွဲများနှင့် ပိုမို များပြားသည့် အကျိုးခံစားခွင့်များ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၄ ရက် – အရှေ့တောင်အာရှ၏ ထိပ်တန်း super app တစ်ခုဖြစ်သော Grab က ပွိုင့်များ အလွယ်တကူစုဆောင်းနိုင်ပြီး ပျော်ရွှင်ဖွယ်ရာကစားပွဲများနှင့် ပိုမိုများပြားသော ဆုလက်ဆောင်များ ရွေးချယ် ရယူနိုင်မည့် GrabRewards အစီအစဉ်အသစ်ကို ယနေ့ စတင်မိတ်ဆက်လိုက်ပါသည်။ Grab အသုံးပြုသူများအတွက် ပိုမို အကျိုးရှိစေပြီး လွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ပေးလိုသည့် ကတိကဝတ်နှင့်အညီ ယခု တိုးမြှင့်လိုက်သော အစီအစဉ်များဖြင့် အက်ပလီကေးရှင်းအတွင်းရှိ ကစားပွဲများမှတစ်ဆင့် GrabRewards ပွိုင့်များ အပိုဆောင်းရရှိနိုင်ကာ GrabRewards ပွိုင့်များကို သက်တမ်းမကုန်ဆုံးစေဘဲ ဆက်လက် စုဆောင်းထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။

စုဆောင်းရရှိထားသော ပွိုင့်များကို ရုပ်ရှင်လက်မှတ်များ၊ Lotteria နှင့် Koi The စသော လူကြိုက်များသည့်ဆိုင်များမှ စားသောက်ဖွယ်ရာများ၊ အထူး ပွဲတက်ရောက်ခွင့်များနှင့် Grab ဝန်ဆောင်မှုများအတွက် လျှော့ဈေးများ စသည့်ဖြင့် နှစ်လိုဖွယ် အကျိုးခံစားခွင့်များ တိုးချဲ့ထည့်သွင်းထားသော ကတ်တလောက်အတွင်း စိတ်ကြိုက်ရွေးချယ်ပြီး ပြန်လည် အသုံးပြုနိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ Grab အသုံးပြုသူများအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်မှ အောက်တိုဘာလ အထိ အပတ်စဉ် ပြုလုပ်သွားမည့် GrabRewards Wednesdays အစီအစဉ်များမှတစ်ဆင့် အထူး ဆုလက်ဆောင်များကိုလည်း ရယူနိုင်မည် ဖြစ်ပါသည်။

 “ကျွန်မတို့ရဲ့ ဝန်ဆောင်မှု အသုံးပြုသူတွေ GrabRewards ကို သဘောကျတဲ့အချက်က သူတို့ တစ်နေ့တာ လုပ်နေကျ အသေးဆုံး လှုပ်ရှားဆောင်ရွက်မှုတွေကနေ ဆုလက်ဆောင်တွေ ပြန်ရနိုင်လို့ပါပဲ။ ဒီအချက်ကို ပိုကောင်းအောင် လုပ်ပေးဖို့အတွက် ပွိုင့်တွေ၊ ဆုလက်ဆောင်တွေ အကျိုးခံစားခွင့်တွေ ပေးတယ်ဆိုတာထက် ပို ပျော်ဖို့ကောင်းပြီး လူတွေ အများကြီး ပိုပြီး ပါဝင်လာအောင် ဖန်တီးပေးချင်တာပါ။ ဒါ့ကြောင့် အက်ပလီကေးရှင်းထဲမှာ ကစားပွဲတွေကို အသုံးပြုသူတွေ ကိုယ်တိုင်ပါဝင် ကစားနိုင်တဲ့ ဂိမ်းပြိုင်ပွဲတစ်ခုလို ဖန်တီးထားပါတယ်။ ဒီကစားပွဲတွေကနေ Grab ဝန်ဆောင်မှုတွေအတွက် သုံးလိုက်တဲ့ပမာဏထက် ပိုပြီး အကျိုးကျေးဇူးတွေ ပြန်ရနိုင်တဲ့အပြင် သူတို့ရဲ့ နေ့စဉ်ဘဝမှာ ပိုပြီး အဆင်ပြေလွယ်ကူစေမယ့် ဝန်ဆောင်မှုတွေနဲ့ ကျွန်မတို့ရဲ့ အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို ပိုပြီး သိရှိနားလည် လာမှာဖြစ်ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh ကပြောသည်။

“အသုံးပြုသူတွေရဲ့ အကြံပြုချက်တွေကို အလေးထားပြီး GrabRewards အစီအစဉ်တွေကို ပြန်လည်ပြင်ဆင်ခဲ့တာပါ။ ကျွန်မတို့ရဲ့ အသုံးပြုသူတွေအတွက် အထူး GrabRewards အစီအစဉ်တွေ ပိုပြီး ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းမျိုးစုံကို ဆက်ပြီး ရှာဖွေသွားပါမယ်” ဟု Cindy က ထပ်ပြောသည်။

           

ယနေ့မှစတင်၍ Grab က အောက်ပါ လုပ်ဆောင်ချက်အသစ်များ ပါဝင်သော GrabRewards အစီအစဉ်များကို တိုးမြှင့်ပေးအပ်လိုက်ပြီ ဖြစ်ပါသည်။

ဆုလက်ဆောင်နှင့် အပိုဆုများ ပိုမိုရရှိနိုင်မည့် ပျော်ရွင်ဖွယ်ရာကစားပွဲများ – ကစားပွဲဆိုသည့်အတိုင်း အလွယ်တကူ ရယူနိုင်မည်မဟုတ်ပါ။ Grab အသုံးပြုသူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ လူနေမှုဘဝပုံစံ အလိုက် ကိုက်ညီမှုရှိစေရန် ဖန်တီးထားသော အက်ပလီကေးရှင်းအတွင်းရှိ ကစားပွဲများတွင် သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုအမျိုးမျိုးကို သတ်မှတ်ချိန်အတွင်း ပြီးစီးရန် ပြုလုပ်ရမည့် လုပ်ငန်းတာဝန်များ ပါဝင်မည် ဖြစ်ပါသည်။ အဆိုပါ ကစားပွဲများမှာ အသုံးပြုသူများအတွက် လက်ရှိ ပေးအပ်ထားသည့် အကျိုး ခံစားခွင့်များထက် ပိုမို များပြားသော အဖိုးတန် ဆုလက်ဆောင်နှင့် အပိုဆုများ ရယူနိုင်ရန် သေချာမှုရှိပြီး ဆန်းသစ်သော နည်းလမ်းသစ်တစ်ခု ဖြစ်ပါသည်။ ထိုကစားပွဲများတွင် ပါဝင်နိုင်ရန် Grab အက်ပလီကေးရှင်း၏ပင်မစာမျက်နှာရှိ Challenges ထဲ ဝင်ရောက်ရမည်ဖြစ်သည်။

သက်တမ်း မကုန်ဆုံးနိုင်သည့် GrabRewards ပွိုင့်များ – Grab အသုံးပြုသူများမှာ GrabRewards ပွိုင့်များ သက်တမ်းကုန်ဆုံးမည်ကို စိတ်ပူပန်နေစရာ မလိုတော့ပါ။ Grab ဝန်ဆောင်မှု ရရှိနိုင်သည့် မည်သည့် အရှေ့တောင်အာရှ နိုင်ငံများတွင်မဆို Grab ဝန်ဆောင်မှုတစ်ခုကို သုံးလတစ်ကြိမ် အသုံးပြုရုံဖြင့် ပွိုင့်များ သက်တမ်းကုန်ဆုံးမည် မဟုတ်တော့ပါ။

ပွိုင့်နှင့် ပြန်လည်လဲလှယ်နိုင်မည့် နှစ်လိုဖွယ် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု အသစ်များ– ပွိုင့်များ သက်တမ်း ကုန်ဆုံးခြင်း မရှိဘဲ ဆက်လက် ထိန်းသိမ်းစုဆောင်းထားနိုင်သောကြောင့် GrabRewards ပွိုင့်များဖြင့် အထူး ခံစားခွင့်များရရှိနိုင်ရန် Grab က မိတ်ဖက်ကုန်သည်များနှင့် ပူးပေါင်းပြီး ထပ်မံထည့်သွင်းထားသည်များမှာ –

○      iSure နှင့် Kanote Electronic Accessories ဆိုင်များမှ အီလက်ထရောနစ် အသုံးအဆောင်များ

○      Mingalar Cinemas နှင့် JCGV မှ ရုပ်ရှင်လက်မှတ်များ

○      Lotteria ၊ KOI Bubble Tea ၊ YKKO ၊ Pizza Hut ကဲ့သို့ လူကြိုက်များသည့် ဆိုင်များတွင် လျှော့ဈေး ဖြင့် ရရှိနိုင်သော စားသောက်ဖွယ်ရာများ

○      City Mall Online ၊ Blazon နှင့် the Japan Store စသည့်ဆိုင်များတွင် ဝယ်ယူနိုင်မည့် ဈေးဝယ်ဘောက်ချာများ

○      Flexible Pass နှင့် Power House Fitness Club မှတစ်ဆင့် အားကစားပြုလုပ်နိုင်ခွင့်များ

○      ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် အခြားအရှေ့တောင်အာရှနိုင်ငံတစ်လွှားရှိ လေဆိပ် စားသောက်ခန်းများတွင် နားနေခွင့်

○      Telenor ဖုန်းငွေဖြည့်ကတ်နှင့် Ooredoo ဖိုင်ဘာအင်တာနက်

○      Agoda နှင့် Booking.com တို့မှ ဝယ်ယူနိုင်သော ခရီးသွားဘောက်ချာ တို့ ဖြစ်ပါသည်။

ပွိုင့်များ အလွယ်တကူ စုဆောင်းနိုင်ခြင်း – ခရီးစဉ်တစ်ခုပြီးတိုင်း Grab အသုံးပြုသူများ ပွိုင့်ရရှိရာတွင် ရွှေနှင့် ပလက်တီနမ်အဆင့်ရှိ အသုံးပြုသူများမှာ ပွိုင့်များ ပိုမိုရရှိနိုင်ပြီ ဖြစ်ပါသည်။ အလွယ်တကူ စုဆောင်းနိုင်သည့် ပွိုင့်ရရှိနှုန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

image.png

 

GrabRewards Wednesdays အစီအစဉ်မှ အပတ်စဉ် အထူး ဆုလက်ဆောင်များနှင့် အစီအစဉ်များ – Grab မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်မှ အောက်တိုဘာလအထိ ဗုဒ္စဟူးနေ့တိုင်း ဆုလက်ဆောင်များ ရွေးချယ်ပေးအပ်ခြင်း နှင့် အထူးအစီအစဉ်များကို အပတ်စဉ် ပြုလုပ်ပေးအပ်သွားမည် ဖြစ်ပါသည်။ လစဉ် ပထမပတ်တိုင်း GrabRewards ပွိုင့်များကို အသုံးပြုပြီး အဖိုးတန် ဆုလက်ဆောင်များဖြစ်သော မော်ဒယ်လ်မြင့် iPhone, Samsung နှင့် OPPO မိုဘိုင်းဖုန်းများ ရရှိနိုင်သည့် အခွင့်အရေးအတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အခြား  ရက်သတ္တပတ်များတွင် လူကြိုက်များသော ဆိုင်ကြီးများတွင် လျှော့ဈေးဖြင့် ဝယ်ယူနိုင်ရန် GrabRewards ပွိုင့်များကို အသုံးပြုနိုင်မည် ဖြစ်သည်။ လျှော့ဈေးဖြင့် ဝယ်ယူနိုင်သော ပမာဏကို ကန့်သတ်ထားမည် ဖြစ်သောကြောင့် အသုံးပြုသူများအနေဖြင့် အဆိုပါ အစီအစဉ်တွင် ပါဝင်လိုပါက အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ပါသည်။

GrabRewards သည် နေ့စဉ် လှုပ်ရှားသွားလာမှုများအတွက် အသုံးပြုသူများမှ ပြန်လည် အကျိုးခံစားခွင့် ရရှိနိုင်မည့် အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော loyalty programme တစ်ခု ဖြစ်ပါသည်။ အသုံးပြုသူများသည် Grab ဝန်ဆောင်မှု အားလုံးမှတစ်ဆင့် GrabRewards ပွိုင့်များ ရရှိနိုင်ပါသည်။ ရိုးရိုးအဖွဲ့ဝင်၊ ငွေ၊ ရွှေ နှင့် ပလက်တီနမ် စသည့် အဆင့် လေးဆင့် သတ်မှတ်ထားပြီး ပွိုင့်ရရှိမှုနှုန်း မြင့်တက်လာစေခြင်း အပါအဝင် လျှော့ဈေး အစီအစဉ်များ၊ လစဉ် Grab ဘောက်ချာများနှင့် ဦးစားပေး ဆောင်ရွက်ပေးမှုများ စသည်ဖြင့် ရပိုင်ခွင့်များ ပိုမို များပြားလာရန် အသုံးပြုသူများသည် Grab အက်ပလီကေးရှင်းကို နေ့စဉ် အသုံးပြုပြီး အဖွဲ့ဝင်အဆင့်ကို တိုးမြှင့်နိုင်ပါသည်။

GrabRewards အကြောင်း အသေးစိတ်သိရှိလိုပါက ၎င်း၏ဝက်ဘ်ဆိုက် https://www.grab.com/mm/rewards နှင့် ယခု စာစောင်တွင် ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။

{:my}GrabRewards အစီအစဉ်အသစ်များဖြင့် ပွိုင့်များ အလွယ်တကူ စုဆောင်းနိုင်ပြီး ပျော်ရွှင်ဖွယ်ရာ ကစားပွဲများနှင့် ပိုမို များပြားသည့် အကျိုးခံစားခွင့်များ

{:my}● အရှေ့တောင်အာရှတစ်ဝှမ်းတွင် အကြီးမားဆုံး loyalty programme တွင် အသုံးပြုသူများ ပိုမို ပါဝင်နိုင်ရန် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များစွာ ထပ်မံထည့်သွင်းထားသည…

If you have any question please CONTACT  Us Email us at:  [email protected] Call US :(281) 697-4550
Don’t Forget to Visit our Careers 

 

For reliable and quality Managed IT Services and VoIP, Contact Precise Business Solutions 

Leave a Reply

Your email address will not be published. Required fields are marked *