GrabFood မှ ပထမဦးဆုံးသော GrabKitchen ကို ရန်ကုန်မြို့တွင် စတင်စမ်းသပ်ဖွင့်လှစ် || Bubble tea | Boba Tea in Cypress TX, Bubble Tea in Cypress TX – Tea Bear Teahouse

GrabFood မှ ပထမဦးဆုံးသော GrabKitchen ကို ရန်ကုန်မြို့တွင် စတင်စမ်းသပ်ဖွင့်လှစ်

GrabKitchen သည် ပြည်တွင်းစားသောက်ဆိုင်လုပ်ငန်းများကို ပံ့ပိုးပေးနိုင်သည်

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ၆ နိုင်ငံမြောက်အဖြစ် GrabFood ဝန်ဆောင်မှုမှ စုပေါင်းမီးဖိုဆောင်အဖြစ် GrabKitchen ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများတွင် စုပေါင်းစားဖိုဆောင် (၅၀) ကျော်ဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ အစားအသောက် သယ်ယူပို့ဆောင်ရေးကို ပိုမို မှီခိုအားထားလာရသည့် အချိန်အခါတွင် စုပေါင်းစားဖိုဆောင်များမှတစ်ဆင့် စားသောက်ဆိုင်ပိုင်ရှင်များသည် Grab ကွန်ယက်နှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ခွင့် ရရှိမည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် ပိုမို တိုးချဲ့လုပ်ကိုင်နိုင်လာပြီး စားသုံးသူ အရေအတွက် တိုးပွားလာမည် ဖြစ်ပါသည်။ GrabFood မှ GrabKitchen ဆိုင်ခန်းနေရာတွင် လိုအပ်သည့် အခြေခံ အသုံးအဆောင်များကို စီမံထားရှိပေးမည်ဖြစ်ပြီး Grab အက်ပလီကေးရှင်းမှလည်း ဈေးကွက်ထိုးဖောက်ရေး ဆိုင်ရာ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်သောကြောင့် စားသောက်ဆိုင်များအနေဖြင့် အစားအစာ ပြင်ဆင်၊ ချက်ပြုတ်ရေးတွင်သာ အကောင်းဆုံးဖြစ်စေရန် အာရုံစိုက်နိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့၏ ပထမဦးဆုံးသော GrabKitchen သည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မဒါနလမ်းပေါ်ရှိ Super Container Park တွင် တည်ရှိပါသည်။ ဆိုင်ခန်းနေရာကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပနှင့် မင်္ဂလာတောင်ညွှန့် စသည့် ရန်ကုန်မြို့ရှိ မြို့နယ် (၄) နေရာတွင် GrabFood ဝန်ဆောင်မှု ရယူနိုင်သည့် ဧရိယာများကို တိုးချဲ့လိုက်ပြီ ဖြစ်ပါသည်။

GrabKitchen တွင် ဆိုင်ခန်းနေရာများယူ၍ လာမည့် ရုံးပိတ်ရက်များတွင် အစားအသောက် အော်ဒါများကို လက်ခံ  ရောင်းချပေးမည့် မိတ်ဖက် စားသောက်ဆိုင်များမှာ –

  •  Lotteria – ကြက်ကြော်မျိုးစုံ
  • Titu’s Indian Bistro – ဒန်ပေါက်၊ Tikka ဟင်းလျာများနှင့် မဆလာလက်ဖက်ရည်များ
  • Ya Kun Kaya Toast – ထမင်းနှင့် ကြက်သားဟင်း အစုံလိုက်
  • Tea Live – နာမည်ကျော် Bubble Tea နှင့် Milk Tea များ
  • Heineken ၊ Tiger ၊ ABC နှင့် Bawdar – Thirst quenching ဘီယာများ
  • Best Choice Kyae-Oh & BBQ – ဝက်နံရိုးမီးတောက်
  • Mala Spice – စားသုံးသူအကြိုက် စားချင့်စဖွယ် မာလာရှမ်းကော
  • Cozy Bar & Restaurant

GrabFood အသုံးပြုသူများ အဆင်ပြေလွယ်ကူစေရန် GrabKitchen စားသောက်ဆိုင် အမျိုးမျိုးမှ အော်ဒါများကို တစ်ကြိမ်တည်းစုစည်း မှာယူနိုင်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း အော်ဒါတစ်ခုလျှင် အနည်းဆုံး ငွေကျပ် (၁၀,၀၀၀) ဖိုး ဝယ်ယူသူများမှာ ပရိုမိုကုဒ် ‘GRABKITCHEN’ ကို အသုံးပြု၍ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်မည် ဖြစ်ပါသည်။

GrabKitchen တွင် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များနှင့် အစားအသောက်ပို့ဆောင်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်နှင့် ဘက်တီးရီးယား ပိုးသတ်ပေးသည့် တစ်ရှုးအစိုများ အသုံးပြုရန် တိုက်တွန်းခြင်းတို့ အပါအဝင် အစားအသောက် သန့်ရှင်းမှုနှင့် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်များကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် GrabKitchen တွင် GrabFood အော်ဒါများ လာရောက်ယူဆောင်ရာတွင်လည်း Social distancing ညွှန်ကြားချက်များအတိုင်း လိုက်နာ  ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အစားအသောက် အော်ဒါများ ပြင်ဆင်နေချိန်တွင် မိတ်ဖက် အစားအသောက် ပို့ဆောင်သူများမှာ တစ်ဦးနှင့်တစ်ဦး ပေများစွာ ခွာ၍ နေရာယူစောင့်ဆိုင်းရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော စုပေါင်းစားဖိုဆောင် စတင်စမ်းသပ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ Head of GrabFood Myanmar ဖြစ်သူ ကိုမြတ်ကောင်းမင်းက “ကျွန်တော်တို့ Grab နဲ့ပူးပေါင်းပြီး လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နာမည်ကြီး မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့အတူ ရန်ကုန်မြို့မှာ ပထမဦးဆုံးသော GrabKitchen ကို စမ်းသပ်ဖွင့်လှစ်နိုင်ခဲ့လို့ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်စားသောက်ဆိုင် ပိုင်ရှင်တွေနဲ့အတူ ဆက်လက်ပူးပေါင်းလုပ်ကိုင်ပြီး အစားအသောက် ဝယ်လိုအားနဲ့ ရောင်းလိုအားကြားက ကွာဟချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်၊ တစ်နေရာတည်းမှာ အစားအသောက်မျိုးစုံကို နှုန်းထားအမျိုးမျိုးနဲ့ အစုံအလင်ရနိုင်အောင် တိုးချဲ့ဝန်ဆောင်ပေးနိုင်မယ်၊ ပြီးတော့ မှာယူစားသုံးသူတွေရဲ့ လိုအပ်ချက်အရ အဆင်ပြေ လွယ်ကူစွာ မှာယူနိုင်မယ့် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

“မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ စုပေါင်းစားဖိုဆောင်ပုံစံမှာ မိသားစုအိမ်ဆိုင်လေးတွေကနေ အသေးစားလုပ်ငန်းတွေ၊ နာမည်ကြီး ပြည်တွင်းစားသောက်ကုန် အမှတ်တံဆိပ် လုပ်ငန်းစုတွေအထိ အစားအသောက်လုပ်ငန်းတွေအကုန် ပါဝင်လာနိုင်ပြီး အစားအသောက်ပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတစ်ရပ်ကို ကုန်ကျစရိတ် အနည်းဆုံး၊ ဆုံးရှုံးနိုင်ခြေ အနည်းဆုံးနဲ့ စတင်နိုင်မှာပါ။ စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ ဆိုင်ခွဲတစ်ခု ဖွင့်တော့မယ်၊ ဒါမှမဟုတ် ဆိုင်အသစ် တစ်ခု စ,ဖွင့်တော့မယ်ဆိုတဲ့ အချိန်မှာ ခန့်မှန်းခြေကုန်ကျစရိတ်နဲ့ ငှားလို့ရမယ့် နေရာတစ်ခုရှာရတာ၊ အချိန်ကုန်၊  ငွေကုန်ခံပြီး ဆိုင်ကိုပြင်ဆင်ရတာ၊ ဈေးကွက်ထိုးဖောက်နိုင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး အပိုင်းတွေပါမကျန် လုပ်ကိုင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ တော်တော်များများကို GrabKitchen က ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် GrabKitchen က မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တွေကို ဆုံးရှုံးနိုင်ခြေ အနည်းဆုံးနဲ့ အစားအသောက် အမျိုးအစား အသစ်၊ ထုတ်ကုန်သစ်တွေ မိတ်ဆက်နိုင်တဲ့ စမ်းသပ်ရောင်းချမှုဆိုင်ရာ ပလက်ဖောင်းတစ်ခုကိုလည်း ဝန်ဆောင်ပေး သွားမှာပါ” ဟု ကိုမြတ်ကောင်းမင်းက ဖြည့်စွက်ပြောကြားသည်။

GrabFood မှ ပထမဦးဆုံးသော GrabKitchen ကို ရန်ကုန်မြို့တွင် စတင်စမ်းသပ်ဖွင့်လှစ်

ရန်ကုန်မြို့၏ ပထမဦးဆုံးသော GrabKitchen ကို COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် စားသောက်ဆိုင်များ အားလုံး ပါဆယ်အော်ဒါဖြင့်သာ ရောင်းချရမည်ဟ…

If you have any question please CONTACT  Us Email us at:  [email protected] Call US :(281) 697-4550
Don’t Forget to Visit our Careers 

 

For reliable and quality Managed IT Services and VoIP, Contact Precise Business Solutions 

Leave a Reply

Your email address will not be published. Required fields are marked *