Grab မှ မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် တိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရန် ရည်သန်၍ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သော || Bubble tea | Boba Tea in Cypress TX, Bubble Tea in Cypress TX – Tea Bear Teahouse

Grab မှ မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် တိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရန် ရည်သန်၍ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သော

မန္တလေး၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်သော Grab သည် ၎င်း၏ အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုဖြစ်သော GrabFood ကို မန္တလေးမြို့တွင် ယနေ့ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရန်ကုန်မြို့ရှိ အစားအသောက် မှာယူစားသုံးသူ ထောင်ပေါင်းများစွာ တို့မှာ မိမိတို့ နှစ်သက်ရာ စားသောက်ဖွယ်ရာများကို မှာယူရာတွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ယုံကြည်စိတ်ချရမှု ရှိထားပြီးသား Grab App ကိုပင် အသုံးပြု၍ မှာယူမှု များပြားလာသည်နှင့်အမျှ နာမည်ကျော်ကြားမှု ရရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ကြီးတွင် GrabFood ကို စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။

 

မန္တလေးမြို့အနှံ့ရှိ စားသုံးသူများ GrabFood ဖြင့် လွယ်ကူလျင်မြန်ပြီး ဈေးနှုန်းသက်သာသော သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကိုရယူကာ မိမိတို့အကြိုက် စားသောက်ဖွယ်ရာများကို သုံးဆောင်နိုင်ရန်အတွက် Grab သည် ပို့ဆောင်ရေးနယ်ပယ်တွင် ထိပ်တန်းဖြစ်သော ဒစ်ဂျစ်တယ်စနစ် အော်ဒါမှာယူမှု ပလက်ဖောင်းကို ပေးအပ်နိုင်ရန် လူ့စွမ်းအား အရင်းအမြစ်၊ မြို့တွင်း လုပ်ငန်းလည်ပတ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် ကျန်းမာရေးတာဝန်ရှိသူများမှ social distancing ဆိုင်ရာ လမ်းညွှန်ချက်များကို ဆက်လက် လိုက်နာကျင့်သုံးရန် တိုက်တွန်းနေချိန်တွင် စားသုံးသူများမှာ အိမ်ပြင်ထွက်ရန်၊ လူအုပ်အတွင်း တိုးဝှေ့သွားလာရန် မလိုအပ်ဘဲ အချိန်ကုန်သက်သာသည့် GrabFood ဝန်ဆောင်မှုကို အားထားနိုင်မည် ဖြစ်ပါသည်။ မှာယူထားသော အစားအသောက်အော်ဒါများကို စောင့်ဆိုင်းနေချိန်တွင် အခြား လုပ်ငန်းဆောင်တာများကို အာရုံစိုက် ဆောင်ရွက်နိုင်ပါသည်။ GrabFood စတင် မိတ်ဆက်ချိန်တွင် မန္တလေးမြို့၏ အဓိက မြို့နယ် (၄) ခုဖြစ်သည့် အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်နှင့် မဟာအောင်မြေ မြို့နယ်များရှိ စားသုံးသူများအတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးရန် အသင့်ရှိနေပြီ ဖြစ်သည်။

 

GrabFood စတင်မိတ်ဆက်နိုင်ရန် ပြင်ဆင်နေသည့် ကာလအတွင်း Grab Myanmar အဖွဲ့သည် လက်ရှိ မန္တလေးမြို့တွင် ဝန်ဆောင်မှုပေးနေသည့် အစားအသောက် သယ်ယူပို့ဆောင်ရေး ပလက်ဖောင်းများအတွင်း လိုင်စင်ရ မိတ်ဖက်စားသောက်ဆိုင် အရေအတွက် အများဆုံး ဖြစ်စေရန် ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့သည်။ အဆိုပါ စားသောက်ဆိုင်များအတွင်း နာမည်ကျော် စားသောက်ဆိုင်လုပ်ငန်းများ ဖြစ်ကြသော Lotteria ၊ The Pizza Company ၊ Manhattan Fish Market ၊ YKKO တို့နှင့်အတူ Easy Ray ၊ မိုးဝေကျော် လက်ဖက်ရည်ဆိုင်၊ Unique Mandalay Tea Room နှင့် NiMi Drinks စသည့် ပြည်တွင်း စားသောက်ဆိုင်လုပ်ငန်း များစွာလည်း ပါဝင်ပါသည်။ အနည်းဆုံး မှာယူရမည့် ပမာဏအား ကန့်သတ်ထားခြင်းမရှိဘဲ စားသုံးသူများ သုံးဆောင်လိုသည့် အစားအသာက်များကို မိမိတို့ယုံကြည်စိတ်ချစွာ အသုံးပြုနေပြီးသားဖြစ်သော Grab App အသုံးပြု၍ အလွယ်တကူ ရွေးချယ်မှာယူနိုင်မည် ဖြစ်ပါသည်။ GrabFood ဝန်ဆောင်မှု စတင်စမ်းသပ်သည့် ကာလအတွင်းတွင် မှာယူသည့် အော်ဒါတစ်ခုချင်းစီကို Grab ၏ ကျွမ်းကျင် မိတ်ဖက်ပို့ဆောင်သူများက မော်တော်ဆိုင်ကယ်များဖြင့် မိနစ် (၃၀) အတွင်း အရောက် ပို့ဆောင်ပေးခဲ့ကြောင်း တွေ့ရှိခဲ့သည်။

 

Head of GrabFood Myanmar ဖြစ်သူ ကိုမြတ်ကောင်းမင်းက “Everyday everything app လို့ ဆိုနိုင်တဲ့ Grab အနေနဲ့ အခုလို GrabFood ဝန်ဆောင်မှုကို မန္တလေးမြို့မှာ စတင်နိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ စားသုံးသူတွေအတွက် သူတို့နှစ်သက်တဲ့ အစားအသောက်တွေကို လက်ထဲအရောက် ပို့ဆောင်ပေးနိုင်တော့မှာဖြစ်လို့ ကျေနပ်ဝမ်းသာ မိပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအသောက်ကို Grab နည်းပညာတွေရဲ့ အကူအညီ ရယူပြီး ဘယ်လို ပြောင်းလဲ စားသုံးလာကြတယ်ဆိုတဲ့ အပြောင်းအလဲတစ်ခုကို ကျွန်တော်တို့ မျက်စိရှေ့မှာတင် မြင်တွေ့နေကြရတာပါ။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးအရ ပြန်လည်ကုစားနိုင်ဖို့ ချမှတ်ဆောင်ရွက်နေတဲ့အလျောက် သမားရိုးကျ စားသောက်ဆိုင်တွေဟာလည်း စားသုံးသူတွေ ပို ရှာဖွေပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဒစ်ဂျစ်တယ် လမ်းကြောင်းတွေပေါ်ကို ပြောင်းရွေ့ရောက်ရှိလာကြပြီ ဆိုတာလည်း တွေ့မြင်နေရပါပြီ” ဟု ပြောသည်။

 

“ကျွန်တော်တို့ရဲ့ Grab ပလက်ဖောင်းပေါ်က မိတ်ဖက်စားသောက်ဆိုင်တွေဟာ အရင်ဆုံး သူမတူတဲ့ ဝန်ဆောင်မှု အရည်အသွေးနဲ့ ရေရှည်အောင်မြင်တိုးတက်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကို တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကနေတစ်ဆင့် မိတ်ဖက်စားသောက်ဆိုင်တွေရဲ့ အရောင်းပိုင်းကို အွန်လိုင်းကနေ ဆောင်ရွက်နိုင်အောင်၊ သူတို့ဆိုင်ကို စားသုံးသူတွေ ပိုပြီး သိရှိလာအောင် ကူညီပေးမယ့် Grab ရဲ့ နည်းပညာနဲ့ လုပ်ဆောင်ချက် ကိရိယာတွေကို တိုက်ရိုက်ရယူ အသုံးချနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ မိတ်ဖက်စားသောက်ဆိုင်တွေနဲ့ အခြား စားသောက်ဆိုင် အများစုအနေနဲ့ ပြန်ပြီး ရပ်တည်နိုင်အောင် ကြိုးစားနေရတဲ့ အချိန်မှာ စီးပွားရေးအရ ပိုပြီး မြန်မြန် ကုစားနိုင်အောင် ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲမှုအပိုင်းအတွက် ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်။ အထူးသဖြင့် ဒီလို အထောက်အပံ့မျိုးဟာ လက်ရှိ ဆိုင်ကိုလာစားတဲ့သူ အရေအတွက် တိုးတက်အောင် လုပ်ပြီး လုပ်ငန်းတိုးချဲ့လိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ဒစ်ဂျစ်တယ်ပိုင်းကို ပိုပြီး အလေးထားလိုတဲ့ အသေးစား ဆိုင်လေးတွေအတွက် အရမ်း အရေးကြီးပါတယ်။ GrabFood ကနေတစ်ဆင့် စားသုံးသူတွေ အများကြီးနဲ့ ပိုမို ချိတ်ဆက်နိုင်တဲ့အတွက် အော်ဒါတွေ ပိုရလာမှာ အသေအချာပါပဲ” ဟု ကိုမြတ်ကောင်းမင်းက ထပ်ပြောသည်။

 

Grab App တွင် အဆင့်အနည်းငယ် နှိပ်လိုက်ရုံဖြင့် မိမိ ရှေ့အရောက် ပို့ဆောင်ပေးမည့် စားသောက်ဖွယ်ရာများကို စိတ်အေးချမ်းသာစွာ သုံးဆောင်လိုက်ပါ

 

မန္တလေးမြို့ရှိ စားသုံးသူများမှာ မိမိတို့ သုံးဆောင်လိုသည့် စားသောက်ဖွယ်ရာများကို အိမ်၊ ရုံး ၌ပင် GrabFood ဖြင့် သက်သောင့်သက်သာ မှာယူစားသုံးနိုင်သောကြောင့် အစာစားချိန် လွတ်သွားခြင်းမျိုး လုံးဝ မရှိနိုင်တော့ပါ။ GrabFood ဝန်ဆောင်မှုသည် စားသုံးသူများအတွက် စားသောက်ဆိုင်သို့ အသွား၊ အပြန် ပြုလုပ်ရသည့်အချိန် သက်သာစေနိုင်ပြီး လူစုလူဝေးအကြား သွားလာခြင်းမှ ရှောင်ရှားနိုင်သောကြောင့် ဘေးကင်းလုံခြုံမှု အကျိုးကိုပါ ထပ်ဆောင်းရရှိစေနိုင်မည် ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့သည့် ကနဦး စမ်းသပ်ဝန်ဆောင်သည့် ကာလအတွင်း မှာယူထားသော စားသောက်ဖွယ်ရာများကို စားသုံးသူများထံသို့ ပျှမ်းမျှ မိနစ် (၃၀) အတွင်း အရောက် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

 

မန္တလေးမြို့ရှိ Grab အသုံးပြုသူများ အနေဖြင့် GrabFood အော်ဒါတစ်ခု မှာယူရန် ရိုးရှင်းလွယ်ကူသော အဆင့် (၃) ဆင့်သာ ဆောင်ရွက်ရန် လိုပါသည်။ ဦးစွာ Grab App ပင်မစာမျက်နှာရှိ ‘‘Food (အစားအစာ)” ကို နှိပ်ပါ။ ထို့နောက် မိမိ နှစ်သက်ရာ စားသောက်ဆိုင်ကို ရွေးချယ်ပြီး ပြသထားသော မီနူးအတွင်းရှိ မှာယူလိုသော အစားအသောက်ကို အော်ဒါမှာယူရန် “Basket” ထဲသို့ ထည့်ပါ။ နောက်ဆုံး “Place Order” ကို နှိပ်ပြီး မိမိ မှာယူလိုသည့် အော်ဒါကို အတည်ပြုပါ။ အော်ဒါတစ်ခု မှာယူပြီးပါက Grab အသုံးပြုသူများမှာ Grab App အတွင်းရှိ အော်ဒါပို့ဆောင်မှု အခြေအနေကို တိုက်ရိုက် စောင့်ကြည့်နိုင်သည့် လုပ်ဆောင်ချက်၊ မိတ်ဖက် အစားအသောက် ပို့ဆောင်သူနှင့် တိုက်ရိုက် စာပို့၊ ဖုန်းခေါ်နိုင်သော လုပ်ဆောင်ချက် စသည်တို့ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အကယ်၍ မှာယူသူများအနေဖြင့် အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက Grab ၏ Customer Experience အဖွဲ့သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်တွင်မဆို ဆက်သွယ်နိုင်ပါသည်။

 

မန္တလေးမြို့တော်ကြီးသို့ GrabFood စတင်ရောက်ရှိလာခြင်း အထိမ်းအမှတ်အဖြစ် GrabFood အသုံးပြုသူ အသစ်များသည် ပထမဦးဆုံးမှာယူသည့် အော်ဒါ (၂) ခုအတွက် အခမဲ့ ပို့ဆောင်ပေးမည့်အပြင် (၃,၀၀၀) ကျပ် လျော့ဈေးကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ အထူးလျှော့ဈေးကို ရယူနိုင်ရန် အတွက် အသုံးပြုသူအသစ်များ အနေဖြင့် အနည်းဆုံး ငွေကျပ် (၅,၀၀၀) ဖိုး မှာယူသည့် အော်ဒါများတွင် ‘NEWFOODIE’ ပရိုကုဒ်ကို အသုံးပြုရမည် ဖြစ်ပါသည်။

 

မန္တလေးမြို့ရှိ စားသောက်ကုန် စီးပွားရေးလုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းပေးခြင်းနှင့် ဝင်ငွေ အခွင့်အလမ်းများ ဖန်တီးပေးခြင်း

 

COVID-19 ကာလအတွင်း ဆိုင်သို့ လာရောက်စားသုံးသူများကို ရောင်းချနိုင်ခြင်းမရှိသောကြောင့် စားသောက်ကုန် လုပ်ငန်းများမှာ ဝင်ငွေအမြတ်အစွန်း ထိခိုက်ခဲ့သည့်အပြင် အခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်ခဲ့ရပါသည်။ Grab ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းသည် ရန်ကုန်မြိုရှိ စားသောက်ကုန်လုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်း ဆောင်ရွက်နိုင်ရေး၊ GrabFood မှ ရရှိလာသည့် အော်ဒါများကို စားသုံးသူထံ ပို့ဆောင်ပေးနိုင်ရေး တို့အတွက် ကူညီပေးနိုင်ရန် များစွာအထောက်အကူဖြစ်စေမည့် နည်းပညာ ဆန်းသစ်တီထွင်မှုတစ်ခု ဖြစ်ပါသည်။ GrabFood မှ ပြုလုပ်ပေးသည့် အရောင်းမြှင့်တင်ရေး ကမ်ပိန်းများနှင့် ထိရောက်မှုရှိသော လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုများကြောင့် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များမှာ ယခုကဲ့သို့ အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ကာလအတွင်း သိသိသာသာ ရောင်းအားမြင့်တက်လာစေခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရန် ခွန်အား ဖြစ်စေခဲ့သောကြောင့် ဆိုင်ဝန်ထမ်းများ၏ သက်မွေးဝမ်းကျောင်းအလုပ် တည်မြဲနိုင်ရန်အတွက်ပါ ကူညီပေးနိုင် ခဲ့ပါသည်။

 

Grab အနေဖြင့် အထက်ပါ ကြိုးပမ်းအားထုတ်မှုများကို မန္တလေးမြို့တွင်လည်း ထပ်တူ လုပ်ဆောင်သွားရန် ရည်မှန်းထားပြီး မြို့တော်အတွင်းရှိ စားသောက်ကုန် လုပ်ငန်းများ၏ လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုများနှင့် အရောင်းပိုင်းကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရန် ကူညီပေးခြင်းဖြင့် စားသုံးသူ အရေအတွက် တိုးချဲ့ရောင်းချနိုင်ပြီး ဝင်ငွေ အမြတ်အစွန်း တိုးပွားလာစေမည့် လမ်းကြောင်းအသစ်များအပေါ် ရောက်ရှိလာနိုင်မည် ဖြစ်သည်။ မိတ်ဖက်စားသောက်ဆိုင်များမှာ အွန်လိုင်းစားသောက်ဆိုင်တစ်ခုအဖြစ် ချက်ချင်း ဖွင့်လှစ်နိုင်ပြီး ဆိုင်သို့လာရောက် ဝယ်ယူသည့် ပုံမှန် စားသုံးသူများအပြင် အော်ဒါ ပိုမို ရရှိနိုင်သည့် လမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်လိုက်သောကြောင့် ဝင်ငွေ အမြတ်အစွန်း ပိုမို ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် GrabFood ၏ ဈေးကွက်ထိုးဖောက်ရေး လမ်းကြောင်းများနှင့် အရောင်းမြှင့်တင်ရေး အစီအစဉ်များတွင် ပါဝင်ပြီး လုပ်ငန်း တိုးတက်ရေးအတွက် တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ အခွင့်အလမ်းသည် GrabFood မှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် နည်းပညာ အဆင့်အတန်းကို တန်ဖိုးထားသော မန္တလေးမြို့ရှိ Grab နှင့် သီးသန့်တွဲဖက် လုပ်ကိုင်နေသည့် ထိပ်တန်း စားသောက်ကုန် အမှတ်တံဆိပ် အချို့၏ အသိအမှတ်ပြုမှု ရရှိထားပြီး ဖြစ်ပါသည်။

 

Grab Myanmar အဖွဲ့သားများမှာလည်း အပတ်စဉ် စားသောက်ကုန် လုပ်ငန်းသစ်များကို ၎င်း၏ ပလက်ဖောင်းအတွင်း အထူးကြိုးစား ချိတ်ဆက်ထည့်သွင်းပေးလျက် ရှိပါသည်။ GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးအဖြစ် လုပ်ကိုင်လိုသော မန္တလေးမြို့ရှိ အသေးစားနှင့် တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များ၊ မုန့်ဆိုင်ငယ်များ အနေဖြင့် ဖုန်း + ၉၅၉ ၉၇၇ ၀၈၃ ၃၃၀ (သို့) အီးမေးလ် – [email protected] သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

မန္တလေးမြို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း

 

Grab သည် GrabFood ဝန်ဆောင်မှုကို လည်ပတ်ဆောင်ရွက်ရန် မိတ်ဖက်ပို့ဆောင်သူ ရာပေါင်းများစွာအား ပလက်ဖောင်းနှင့် ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်များကို ကာကွယ်နိုင်မည့် အကျိုးခံစားခွင့်များစွာကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။ ပို့ဆောင်ရေး လုပ်ငန်းနယ်ပယ်အတွင်း ပုံမှန် ရရှိနိုင်သော လုပ်ခလစာထက် ပိုသည့် ပမာဏအပြင် GrabFood မိတ်ဖက် ပို့ဆောင်သူများအတွက် လုံခြုံရေး အသုံးအဆောင်နှင့် ကိရိယာများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် လိုအပ်သည့်ပစ္စည်းများ၊ အစားအသောက် ကိုင်တွယ်စီမံပုံနှင့် အစားအသောက် သန့်ရှင်းရေးတို့ အပါအဝင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် သင်တန်းများ စီစဉ်ပေးအပ်သွားမည် ဖြစ်ပါသည်။

 

မိတ်ဖက်သယ်ယူပို့ဆောင်သူများအားလုံး၏ GrabFood အော်ဒါ ပို့ဆောင်မှု လမ်းကြောင်းတစ်ခုချင်းစီအတွက် ခရီးသွားအာမခံဖြင့် အကာအကွယ်ပေးထားပါသည်။ ထို့အပြင် COVID-19 ရောဂါကူးစက်ခံရပါက (သို့မဟုတ်) ကျန်းမာရေး တာဝန်ရှိသူများမှ ၎င်းတို့ သတ်မှတ်ထားသည့် နေရာအဆောက်အဦးတစ်ခုခုတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ရန် တရားဝင်ညွှန်ကြားခံရပါက Grab မိတ်ဖက်အကူအညီ ရန်ပုံငွေမှ ငွေကြေးအထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) ထောက်ပံ့မှုအား မိတ်ဖက်ပို့ဆောင်သူများအားလုံး ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

Grab မှ မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် တိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရန် ရည်သန်၍ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သော

Grab မှ မန္တလေးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်များ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းလုပ်ဆောင်နိုင်ရန်နှင့် စားသုံးသူများအတွက် ပူနွေးလတ်ဆတ်သော စားသောက်ဖွယ်ရာများက…

If you have any question please CONTACT  Us Email us at:  [email protected] Call US :(281) 697-4550
Don’t Forget to Visit our Careers 

 

For reliable and quality Managed IT Services and VoIP, Contact Precise Business Solutions 

Leave a Reply

Your email address will not be published. Required fields are marked *